Twitter Delicious Facebook Digg Stumbleupon Favorites More

30 July, 2011

ဒေါ်စု ကရင်နီကို မေ့နေတယ်.....သို့ contact@nldburma.org

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး အဖြေရှာချင်တယ်ဆိုတဲ့ ဆန္ဒကို လက်ခံပါတယ်။ လက်ရှိအစိုးရထံ အထက်ပါကိစ္စနဲ့ပါတ်သက်ပြီး အိပ်ဖွင့်ပေးစာပေးပို့ရာမှာ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို လျှက်လျှူရှုထားဖို့မသင့်ပါဘူး။ ကရင်နီတိုင်းရင်းသားတွေဟာ မြန်မာစစ်အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ရော အကြမ်းမဖက်တဲ့နိုင်ငံရေးနည်းလမ်းတွေနဲ့ပါ ခုခံတော်လှန်နေတယ်ဆိုတာ ဘ၀တူတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအားလုံးအသိပါ။ လက်ရှိ (စစ်တပ်ကနေ ကျော်ထောက်နောက်ခံလုပ်ထားတဲ့) အစိုးရကို ဆက်လက်ပြီးတော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့ ၆ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ ၆ဖွဲ့ဟာ မကြာသေးခင်ကဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ကိုပြန်လှည်ဖွဲ့စည်းထားပါတယ်။ အဲ့ထဲမှာ ကရင်နီတော်လှန်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဦးဆောင်နေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP အဖွဲ့နေနဲ့လဲ အဖွဲ့ဝင်အဖြစ်ပါနေသလို UNFC ရဲ့ ဒု-ဥက္ကဌနေရာမှာ KNPP အနေနဲ့လဲတာဝန်ယူထားပါတယ်။ UNFC အမာခံ (၆) ဖွဲ့ထဲမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် (SSPP/SSA)တွေဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်သမ္မတထံ ပေးပို့ထားတဲ့စာထဲမှာ KIO. KNU. NMSP နဲ့ SSA အဖွဲ့ဘဲပါနေတယ်။ ကရင်နီတော်လှန်ရေးကို ကိုယ်စားပြုထားတဲ့အဖွဲ့နဲ့ ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CNFတို့မပါဘူး။ ဘယ်လိုအကြောင်းကြောင့် ဒီနှစ်ဖွဲ့မပါဘူးဆိုတဲ့အချက်ကို မဖေါ်ပြထားတဲ့အတွက် မရှင်းမလင်းဖြစ်နေပါတယ်။ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေဟာ တိုင်းရင်းသားလူနည်းစုတွေကို မတရားဖိနိပ်ထားတဲ့ ကိစ္စတခုဖြစ်တယ်ဆိုတာအားလုံးအသိဖြစ်နေပါတယ်။ ဒါကြောင့် ပြဿနာတွေကို ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးစားပွဲပေါ်မှာ ဖြေရှင်းသင့်တယ်ဆိုရင် အင်အားနည်းပြီး လူနည်းစုဖြစ်တဲ့ ကရင်နီကိုမချန်ထားသင့်ဘူး။ ကရင်နီအမျိုးသားတစ်ယောက်အနေနဲ့ အကြံပေးတာဖြစ်ပါတယ်။ ခင်မင်လေးစားစွာဖြင့်.... စေးရယ်စိုး အိပ်ဖွင့်ပေးစားလင့်...http://burmese.nldburma.org/media-press-release/press-release/384-dassk-open-letter-for-peace.html#comments သတင်း http://www.irrawaddy.org/bur/index.php/news/6946-2011-07-28-11-48-46

26 July, 2011

အမျိုးသားချင်း သွေးခွဲတာမှန်ရင် ပြန်လည်စုစည်းဖို့ နည်းလမ်းတော့ရှိရမည်

တကယ်လို့များ ကျနော်၊ကျမတို့ လေးစားအသိအမှတ်ပြုတဲ့ ကရင်နီအမျိုးသားခေါင်းဆောင်တွေ ပြောတဲ့အတိုင်း မြန်မာစစ်အုပ်စုအဆက်ဆက်ဟာ ကရင်နီအမျိုးသားတွေကို သွေးခွဲစေတဲ့စနစ်နဲ့ တိုက်နေတာမှန်ရင် ကွဲနေခွဲနေတဲ့ ကရင်နီအမျိုးသားတွေ ပြန်ပြီးတစ်စုတစ်စည်းတည်းဖြစ်ဖို့ နည်းလမ်းတော့ရှိရမယ်။ ဒါကတော့ အမျိုးသားကိုသွေးခွဲတဲ့ အုပ်စုကိုဆန့်ကျင်ဖို့နည်းလမ်းတစ်ခုထဲ မဟုတ်ပါဘူး။ ပြည်တွင်းက ကရင်နီ၊ နယ်စပ်က ကရင်နီနဲ့ တိုင်းတပါးသို့ရောက်နေတဲ့ ကရင်နီအချင်းချင်းမခွဲခြားဘဲ အမျိုးသားရေးစိတ်ဓါတ်တွေမွေးပြီး အမျိုးသားအချင်းချင်း တစ်စုတစ်စည်းထဲဖြစ်အောင်၊ အမျိုးသားအချင်းချင်း ရိုင်းပင်းကူညီရေးနဲ့ အမျိုးသားအချင်းချင်း အကာအကွယ်ပေးမှုတွေရှိလာအောင် ဘယ်လိုလမ်းစတွေရှာရမလဲဆိုတာပါပဲ။ ဆက်ဖတ်ဖို့...

ကရင်နီပြည်မှာ အာဏာအလွဲသုံးစားမှုတွေ အလွန်အကျွံ မဖြစ်ရလေအောင်

ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ ပြည်သူတို့ရဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းရမယ့် တာဝန်ရှိပါတယ်။ တနည်းအားဖြင့် ထိုဝန်ကြီးတွေဟာ “ပြည်သူတို့ရဲ့ အလုပ်သမား” တွေပါ။ ဒီလိုပြောလိုက်လို့ လက်ရှိဝန်ကြီးတွေနဲ့ တခြားသော နိုင်ငံရေးသမားတွေကို နှိမ့်ချပုတ်ခတ်စေလိုတဲ့ဆန္ဒနဲ့ ထောက်ပြနေတာ မဟုတ်ပါဘူး။ ပြည်သူရဲ့ အကျိုးစီးပွားဘက်ကို ရပ်တည်ပြီး ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ read more

19 July, 2011

လွတ်လပ်စွာ ပျံသန်းချင်တဲ့ ငှက်ကလေးတွေ

အကောင်းဆုံးကတော့ ကိုယ်တပ်ထားတဲ့ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ကြေးကွင်းကို ဆက်လက် ထိန်းသိမ်းတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု ကလည်းရှိရမယ် ဒီမှာကလစ်ပါ...

စစ်သင်တန်းကွင်းအတွက် သတ်မှတ်ထားသောခြံမြေများ ပြည်သူလက်ထဲသို့ ပြန်အပ်ရန် အချိန်ရှိသေးသည်

ထိုဥပဒေ သက်ဝင်ပြဌာန်းလာသည့် နောက်ပိုင်း စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်တို့အကြား စစ်ရေးအရှိုန်အဟုန်များကြောင့် သက်ရောက်မှုတွေ မည်ကဲ့သို့ ဖြစ်ပေါ်လာနိုင်သလဲဆိုသည့် ကိစ္စထက် ယခုလောလောဆယ် အခြေအနေမှာ ပိုပြီးအရေးကြီးနေသည့်ကိစ္စက စစ်တပ်အနေဖြင့် စစ်ရေးလေ့ကျင့်ရေး သင်တန်းကွင်းပြုလုပ်ရန် တိုင်းတာသတ်မှတ်ထားသော ရွာသားပိုင်ခြံမြေများအတွက် တစုံတရာ ပေးဆပ်ဖို့လိုအပ်နေပါသည်။ ဒီမှာသုံးထားသည်

မြန်မာပြည်သူပြည်သားတွေကို အမှန်တကယ် ကူညီလိုလျှင်…

တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို စစ်ဗိုလ်တွေက မတရားခိုးယူနေတဲ့ကိစ္စတွေ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပေါ်လွင်လာအောင် မြန်မာနိုင်ငံရေးပြဿနာကို အမှန်တကယ်ဖြေရှင်းလိုတဲ့ အနောက်နိုင်ငံတွေရော အာစီယံကပါ မပြောမချင်း၊ မလုပ်ဆောင်မချင်း၊ စစ်အုပ်စုတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲလာနိုင်မှာ မဟုတ်သလို မြန်မာပြည်သူပြည်သားတွေကိုလည်း အမှန်တကယ် ကူညီရာမရောက်နိုင်ကြောင်း ထင်မြင်ယူဆပါတယ်။ ကေတိုင်းမ် အယ်ဒီတာ့အာဘော်အတွက် ယူသုံးပြီး

06 March, 2011

ဓါတ်ပုံ

 
Powered by Blogger