ကရင်နီအပစ်ရပ်အဖွဲ့တဖွဲ့ကို အထူးအာဏာလွမ်းမိုးထားသူ တဦးကတော့ သူ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ်သတ်မှတ်တာကို လက်ခံလိုက်ပါပြီ… ဆိုတော့… သူ့တပ်တွေ စစ်အစိုးရတပ်ရဲ့ commend အောက်မှရောက်သွားပြီ… တနည်းအားဖြင့် မြန်မာစစ်တပ်တွေရဲ့ အထောက်အကူတပ်သားလို့ဆိုလို့ရတယ်… ဥပမာ… ထိုင်းမှာဆိုရင် ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးယူပေးတဲ့ အောဆော်လိုပုံစံမျိုး၊ အဆင့်ပေါ့… မြန်မာစစ်တပ်ရဲ့ အထောက်အကူဆိုတော့… မြန်မာစစ်တပ်ပဲတိုက်ရိုက်သွားရောက်ဝင်ခွင့်တောင်းလိုက်တာတောင် နဲနဲနာမည်လေးလှဦးမယ်… အဖွဲ့ကိုအထူးထိမ်းချုပ်တဲ့ခေါင်းဆောင်တော့… ၂၀၁၀ကိုဝင်ပြိုင်ဖို့အသင့်ပြင်ထားပါပြီ… ပြိုင်ပွဲတောင်မစရသေးဘူး… အဖြေကထွက်နေပြီ…. ကယားပြည်နယ်အားကစားဝန်ကြီးရာထူးရမယ်လို့ပြည်တွင်းက ကောလဟလသတင်းအရသိရပါတယ်… ပြည်တွင်းမှာ သတင်းအမှန်ဆိုတာမရှိပါဘူး… ကေလဟာလသတင်းက ရာနှုံးပြည့်အတည်ပြုလို့ရပါတယ်…. အဲဒီပုဂ္ဂိုလ်ဟာ ကယားပြည်မပြောနဲ့ မြန်မာပြည်တပြည်လုံးမှာ တိုက်အိမ်ပေါင်း အလုံး၃၀ လောက်ပိုင်ဆိုင်ထားတယ်ဆိုတဲ့လူဘဲ… စင်ကပူမှာ လက်လမ်းမှီသိရသလော တိုက်တလုံး…. ဘန်ကောက်မှာ တလုံး… ဦးသေဇနဲ့ပေါင်းပြီး ကယားပြည်က သစ်တွေကို မတရားခုတ်ရောင်းစားထားတာ… ဒါကြောင့် ပိုင်ဆိုင်မှုတွေ ၁၀နှစ် ၁၅နှစ်အတွင်းအများကြီးစုဆောင်းထားတာ… အဖွဲ့သားတွေကို ဘယ်စိတ်ဝင်စားတော့မှာလဲ… ခွေးဖြစ်ချင်ဖြစ်… ၀က်ဖြစ်ချင်ဖြစ်… ငါကပိုအရေးကြီးတယ်ဆိုပြီး… ဂရုမစိုက်ပဲပစ်ထားတာပေါ့… ဒီလိုပုဂ္ဂိုလ်မျိုး ဒို့ခေါင်းဆောင်ဖြစ်ဖို့မသင့်ဘူး… ဒီလိုလူစားမျိုး ဒို့ကရင်နီသမိုင်းမှာ သေသေချာချာ ပိပိရိရိ မှတ်တမ်းတင်ဖေါ်ပြရမယ်… မတရားကြီးပွားချမ်းသာလာတဲ့ နိုင်ငံရေးသမားတွေကို စောင့်ကြည့်ဖို့ ဒို့အားလုံးမှာတာဝန်ရှိတယ်…. ဒါကြောင့် ပြောကြပါဆိုကြပါ… ဆွေးနွေးကြပါ…မသိရင် သိနေသူတွေကို မေးခွန်းထုပ်ပါ….ဒီအရေးဟာအခု ကိုယ့်အတွက်အခု အကျိုးမရှိနေပေမဲ့… ကျနော်တို့ရဲ့ မျိုးဆက်သစ် တသက်တန်းအတွက်တော့… တော်တော်လေး အကျိုးပေးမှာပါ…


10:55 PM
SRS
0 comments:
Post a Comment