Twitter Delicious Facebook Digg Stumbleupon Favorites More

22 May, 2009

ခွေးပြေး၊ ၀က်ပြေး ပြေးမှာလား….

အပစ်ရပ်အဖွဲ့တွေထဲမှာဆိုရင် အင်အား ၃သောင်းလောက်ရှိတဲ့ တိုင်းရင်းသားပစ်ရပ်အဖွဲ့တအဖွဲ့ကတော့ နယ်ခြားစောင့်တပ်အဖြစ်သပ်မှတ်ခြင်းလုံးဝလက်မခံဘူးဆိုတာကို အတိအလင်းရဲရဲတင်းတင်းငြင်းဆိုပါတယ်… ပြန်တိုက်ကြမယ်ဆိုရင်လဲရတယ်လို့ဆိုပါတယ်… ဒါပေမဲ့ အဲ့ဒီအဖွဲ့ဟာ အင်အားမလျော့လာနိုင်ဘူးလို့ ဘယ်သူပြောရဲလို့လဲ… အင်အားထောင်ကနေရာ..ရာကနေ ဆယ်လောက်ကျသွားတဲ့အဖွဲ့တွေဆို… လက်နက်ချက်ချင်းသိမ်းခံလိုက်ရပြီ…… ၁၀ ဂဏန်းလောက်ဘဲဆိုတော့… ဘာမှဆက်ပြောလို့မရတော့ဘူး… အခုရွာသားတွေ သူတို့ကို လေးဂွတွေနဲ့ပစ်၊ ဒုတ်တွေနဲ့လိုက်ရိုက်နေပါတယ်… ဘာကြောင့်လဲဆိုတော့… လက်နက်ကိုင်ဆောင်နိုင်တဲ့အချိန်တုံးက မတရားတဲ့အခွင့်အရေးတွေယူထားပြီး… ပြည်သူတွေကို အနိုင်ကျင့်နိပ်စက်ထားလို့ပါ… အင်အားရှိရင် ပြောရဲတယ်…လုပ်ရဲတယ်… နိပ်စက်ရဲတယ်… လူသတ်ရန်ဝန်မလေး… ဒါဟာ ကျနော်တို့တိုင်းရင်းသား နယ်ပယ်တွေမှာ နေ့စဉ်နဲ့အမျှရှိနေပါတယ်… ဒါပေမဲ့ တချိန်ကြရင် ပြည်သူနေရာ ခွေးပြေး၊၀က်ပြေးပြေးရမှာ သေချာပါတယ်..….

0 comments:

 
Powered by Blogger