Twitter Delicious Facebook Digg Stumbleupon Favorites More

12 November, 2010

ကရင်နီပြည်နယ် လွှတ်တော်နေရာအားလုံး ကြံ့ဖွံ့ တပါတီတည်း ရယူ

ရွေးကောက်ပွဲပြီးနောက် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာရာ ကရင်နီပြည်နယ် လွှတ်တော်နေရာများ အားလုံးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီ (ကြံ့ဖွံ့) တခုတည်းသာ ပိုင်ဆိုင်ထားသည်ကို တွေ့ရသည်။ နိုဝင်ဘာလ ၁၁ ရက် နေ့စွဲပါ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် - ၁၂၅/ ၂၀၁၀ အရ ပြည်သူ့ လွှတ်တော် (၇) နေရာစလုံးကို ကြံ့ဖွံ့ပါတီ တပါတီတည်းသာ ရရှိထားပြီး ကြေညာချက်အမှတ် - ၁၂၆/၂၀၁၀အရ အမျိုးသားလွှတ်တော် (၁၂) နေရာကိုလည်း ကြံ့ဖွံ့ပါတီ တပါတီတည်းသာ ရရှိထားကြောင်း ဖေါ်ပြပါသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ ကရင်နီပြည်တွင် ကရင်နီအမျိုးသားနှင့် ပြည်နယ်အား ကိုယ်စားပြုသည့် ပါတီပါဝင်ခွင့် မရှိဘဲ စစ်အစိုးရ ကျော်ထောက်နောက်ခံ ကြံ့ဖွံ့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)တို့ကသာ အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ဦးစဲရယ်လှဖေ ဦးဆောင်သည့် ကရင်နီပြည် ကိုယ်စားပြု လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (NUDP) ပါတီသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့တွင် နိုင်ငံရေးပါတီအား စတင်ထူထောင်ဖွဲ့စည်းခဲ့သော်လည်း ကြံ့ဖွံ့ပါတီတို့၏ ခြိမ်းခြောက်နှောက်ယှက်မှုများကြောင့် ပါတီအား ပြန်လှည်ဖျက်သိမ်းလိုက်ရသည်။ ဆက်ရန်

0 comments:

 
Powered by Blogger